တရုတ်နှင်းသီးLoquat တစ်မိုဝင်ငွေ ယွမ်ငွေ သောင်းချီရှိ
တရုတ်နှင်းသီး Loquat သည် ယန်စီမြစ်ဝှမ်းတစ်လျှောက်နှင့်
နွေသမပိုင်းဒေသများတွင် ကျယ်ပြန့်စွာ ပေါက် ရောက်သည်။
နွေးထွေးစိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်ပြီး တောင်နိမ့်ပိုင်း
တောင်ကုန်း၊ လယ် ကွင်းကြား၊ မြောင်းဘေး၊ ခြုံဘေးများတွင်လည်း
အလေ့ကျပေါက်ရောက်လေ့ရှိပါသည်။ အများအားဖြင့် တစ်ခင်းလိုက်ပေါက်
ရောက်လေ့ရှိပါသည်။
၁။ ရှားပါးမှု - တရုတ်နှင်းသီး Loquat ကိုတွေ့ဖူးသူအလွန်နည်းသည်။ ထို့ကြောင့် တရုတ်နှင်းသီး Loquat စိုက်ပျိုးခြင်း အလားအလာကောင်းမွန်သည်။
၂။ ကျန်းမာရေးအကျိုးပြုမှု - မြေကြီးပေါ်တွင်ပေါက်ရောက်သော တရုတ်နှင်းသီး
Loquat ကို လူအားဖြင့် စိုက်ပျိုးခြင်းနည်းပါးသည်။လက်ရှိမှာ
အလေ့ကျပေါက်ရောက်ခြင်းဖြစ်သည်။ အကယ်၍ပြောင်းရွေ့ စိုက်ပျိုးကာ သဘာဝ
အခြေအနေအတိုင်းစိုက်ပျိုးနိုင်ပါက ကြီးထွားရှင်သန်နိုင်မည်ဖြစ်သည်။
ယခင်က မြေကြီးတွင်ပေါက်ရောက်သော တရုတ်နှင်းသီး Loquat မှာ ဈေးမကြီးပါ။
သို့သော် ယခုနှစ်ပိုင်း တစ်ကီလိုဂရမ် လျှင် တရုတ်ယွမ်ငွေ(၄၀)ခန့်ရှိကြောင်း
သိရပါသည်။ အောင်မြင်စွာစိုက်ပျိုးနိုင်ပါက အကျိုးအမြတ်ရရှိမှု အလားအလာ
ကောင်းမွန်မည်ဖြစ်သည်။
မြေကြီးပေါ်တွင်ပေါက်ရောက်သော တရုတ်နှင်းသီး
Loquat ထွက်နှုန်းမများပါ။ တစ်မိုလျှင် (၃၀၀)ဂရမ်ခန့် သာရှိသည်။ သို့ သော်
ပေါက်ဈေးဖြင့်တွက်ချက်ပါက တစ်ကီလို တရုတ်ယွမ်ငွေ(၂၀)ရှိသောကြောင့် အကျိုး
အမြတ် ရရှိနိုင်မည်ဖြစ်ကာ အမြတ်ငွေ တရုတ်ယွမ်ငွေ
(၁.၂)သောင်းခန့်ရှိနိုင်ကြောင်း သိရပါသည်။
မြေကြီးပေါ်ပေါက်တရုတ်နှင်းသီး Loquat မှာ စိုက်ပျိုးထိန်းသိမ်းရာတွင်
အကြမ်းခံနိုင်ပြီး မျိုးပွားပေါက် ရောက်ရန် လွယ်ကူပါသည်။
လက်တွေ့ထုတ်လုပ်မှုတွင် ပင်ပိုင်းဖြတ်ပွားနည်းဖြင့် မျိုးပွားစိုက်ပျိုးပါက
ပိုမိုလျင်မြန်စေ မည်ဖြစ် သည်။ ၎င်း၏စိုက်ပျိုးနည်းပညာမှာအလွန်လွယ်ကူပါသည်။
ရာသီဥတု၊ မြေဆီလွှာ၊ ရေဓာတ် သင့်လျော်ပါက ရှင်သန် နိုင်ပြီဖြစ်သည်။
မိုးရာသီတွင် စိုက်ပျိုးပါက ရှင်သန်ကြီးထွားနှုန်းမှာ ၉၀% အထက်တွင်
ရှိကြောင်း သိရပါသည်။
www.371zy.com မှ ကောက်နုတ်ဖော်ပြသည်။
Credit ---Shweli Ayar News
No comments:
Post a Comment