Friday, 30 November 2018

အလေ့ကျပေါက်သည့် ရေညှိပင် စိုက်ပျိုးခြင်းဖြင့် ကြွယ်ဝချမ်းသာစေနိုင်မည့် စီမံကိန်း

အလေ့ကျပေါက် Nostoc commune ခေါ်ရေညှိပင် စိုက်ပျိုးခြင်းဖြင့် ကြွယ်ဝချမ်းသာလာစေ နိုင်မည့်စီမံကိန်းသစ်ဖြစ်လာ
================================================

ယနေ့ အံ့သြဖွယ်ကောင်းသော အင်တာနက်နာမည်ကျော် စိုက်ပျိုးရေး ထုတ်ကုန်တစ်ခုဖြစ်သည့် Nostoc Commune ကို မိတ်ဆက်ပေး သွားမည်ဖြစ်သည်။ အလေ့ကျပေါက်ရောက် Nostoc Commnune ခေါ် ရေညှိပင်တစ် မျိုးမှာ သာမန်အားဖြင့် ပုပ်ပွနေသောမြက်ပင်အမြစ်ပိုင်း သို့မဟုတ် ရေထဲတွင်စိမ်နေသော ဆိတ်ချေးနေရာများတွင် ပေါက်ရောက်လေ့ရှိပါသည်။

 တောင်သူများမှ အမြဲတမ်းခြေထောက် အောက်တွင် နင်းမိသောကြောင့် ကျေးလက်တွင် အညစ်ပတ် ဆုံးသော ဆေးကြောရန် အခက်ဆုံးသော အလေ့ကျပေါက်သည့်အရွက် တစ်မျိုးဖြစ်သည်။ သို့သော် ယခု နှစ်ပိုင်းတွင် လူအများစုမှ ကြိုက်နှစ်သက်လာကြပြီး လတ်ဆတ်သောအလေ့ကျပေါက်သည့် Nostoc Commune မှာ တစ်ကီလိုလျှင် တရုတ်ယွမ်ငွေ (၄၀-၆၀) အထိရောင်းချနိုင်ပါသည်။ နေပူလှန်းပြီးရောင်း ချပါက ဈေးနှုန်းမှာ တစ်ကီလို လျှင် တရုတ်ယွမ်ငွေ ရာကျော်ရှိပါသည်။ ထို့ပြင် ယခုအခါရောင်းအား တစ်ဖြည်းဖြည်းကောင်း လာပြီး ရရှိရန်အလွန်ခက် ခဲသော ဟင်းရွက်အမျိုးအစားဖြစ်လာကြောင်း သိရပါသည်။


အဆိုပါရေညှိပင်သည် နေ့စဉ်နေထိုင်မှုဘဝတွင် တွေ့ရန်အလွန်ခက်ခဲ ပါသည်။ ကျေးရွာဒေသများတွင် မိုးအသည်း အထန်ရွာပြီးနောက် ညစ်ညမ်းမှုမရှိသော မြက်ခင်းမြေဆီလွှာပေါ်တွင် ပေါက်ရောက်တတ်ပါ သည်။ ထိုရေညှိအမျိုးအ စားမှာ အသားထူထပ်ပြီး အပြင်ပုံသဏ္ဍာန်မှာ အမည်းရောင်ဖြစ်နေပါသည်။ ရေဖြင့်စိမ်ထားကာပျော့ဖတ်နေသော ကြက် နားရွက်မှိုဖြင့် တူညီပါသည်။ အမြဲတမ်းတွေ့နေရသော စားသုံး မှုနည်းလမ်းမှာ ဟင်းရည်လုပ်သောက်ခြင်း သို့မဟုတ် သုတ်စား ရခြင်းဖြစ်ပါသည်။

Nostoc commune ရေညှိပင်သည် သာမန်အားဖြင့် လယ်ကွက်ထဲတွင် ပေါက်ရောက်လေ့ရှိပြီး မြေဆီ လွှာစိုစွတ် နေရမည်ဖြစ်သည်။ သို့မဟုတ် သစ်ပင်၏ အောက်ခြေပိုင်း သို့မဟုတ် ရေညှိသစ်ပင်အုပ်စုထဲ တွင် ရှင်သန်ပေါက်ရောက် လေ့ရှိပါသည်။ နေရာအနှံ့ရှိသည်ဟုဆိုနိုင်ကာ ကျေးလက်တောင်သူများ အမြဲနင်းမိသော ဟင်းရွက်တစ်မျိုးဖြစ် ကြောင်း သိရပါသည်။


Nostoc commune ရေညှိပင်သည် အဟာရပြည့်ဝပြီး ပရိုတင်း ပါဝင်မှုမှာ ကြက်ဥ၊ ကြွက်နားရွက်မှို၊ ကျောက်ပွင့် စသည်တို့ထက်မြင့်၍ အဟာရဓာတ်များစွာပါဝင်သည်။ စားသုံးခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါ ကို ကုသသောအကျိုး သက်ရောက်မှုရှိကာ အဟာရပြည့်ဝပြီး အရသာကောင်းသော ဟင်းတစ် ခွက်ဖြစ်ပါသည်။


အမြဲသာမန်တွေ့ရလေ့မရှိကြခြင်းကြောင့် ဈေးကွက်ထဲတွင် ဈေးအလွန်မြင့်မားသည်။ လတ်ဆက်သော Nostoc commune ရေညှိပင်သည် ၁ကီလိုကရမ်လျှင် တရုတ်ယွမ်ငွေနှစ်ဆယ်ကျော်ရှိပြီး အခြောက်လှန်း ထားသောရေညှိ ပင်ဈေးနှုန်းမှာ ၁ကီလိုဂရမ်လျှင် တရုတ်ယွမ်ငွေ ၂၀၀ခန့်ဈေးရှိပါသည်။ ဈေးနှုန်းမှာ ပို၍မြင့်မားလာမည့်အလားအလာ ရှိပြီး ရောင်းချရာတွင်လည်း လူကြိုက်များလာပါသည်။ 



လူနေမှု အဆင့်အတန်း တိုးမြင့်လာသည်နှင့် အမျှ ဤကဲ့သို့အ လေ့ကျပေါက်ရောက်တတ်သော ဟင်းရွက်ပင် အမျိုးအစား၏ ဈေးကွက်မှာလည်း ပိုမိုတွင်ကျယ်လာပြီး ဈေးကွက်တိုး တက်မှုအလားအလာ အလွန်ကောင်းမွန်ကာ ပြည်တွင်းပြည်ပ ရပ်ဝေးဒေသများသို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရပါ သည်။ 

Credit ---
Nong ye ke ji bao မှကောက်နုတ်ဖော်ပြသည်။

No comments:

Post a Comment