Friday, 30 November 2018

ဆေးသုံးခြင်း၊ ဓာတ်မြေသြဇာကျွေးခြင်းမရှိဘဲ သရက်သီးအထွက်တိုးစေမည့် နည်းလမ်းသစ်(၃)မျိုး

ဆေးသုံးခြင်း၊ ဓာတ်မြေသြဇာကျွေးခြင်းမရှိဘဲ သရက်သီးအထွက်တိုးစေမည့် နည်းလမ်းသစ်(၃)မျိုး
============================================

၁။ ကြီးထွားမှုဖြစ်စဉ်တွင် မခိုင်သောသရက်သီးပင်ကို တုံးသောဓားသွားဖြင့် သစ်ပင်၏ချောမွေ့သောနေရာ (သစ်ခေါက်နု)တွင် အဝိုင်းပုံသဏ္ဍာန် အကျယ်(၁-၂)မီလီမီတာကျယ်အောင် ဓားဖြင့် သစ်သားအတွင်း ပိုင်းကို မြင်ရ သည်အထိ လှီးဖြတ်ပေးပါ။


ထို့နောက် စုပ်တံဖြင့် ပိုးသတ်ဆေးအနည်းငယ်စွတ်ပြီး ဖြတ်ထားသောနေရာတွင် သုတ် လိမ်းပေးပါ။ ပိုးသတ်ဆေး ဖြတ်ထားသောနေရာအတွင်းသို့ အပြည့်အဝဝင်ရောက်လျှင်ရပြီဖြစ်သည်။ ရက် (၂၀-၃၀) ခြားတွင် အခြားနေရာ၌ ထိုပုံစံအတိုင်း ဒုတိယအကြိမ်ပြုလုပ်ပေးရမည်။ အပင်ထိပ်ဖျားအစွန်းအာဟာရ အရှိန်လျင် မြန်စေပြီး ပြန်လည်စီးဆင်းစေရမည်။ ထို့နောက် အာဟာရမှ ပန်းပွင့်ဗီဇသို့စီးဆင်းသွားကာ သစ်သီးကြီးထွားမှု လျင်မြန် စေခြင်းနှင့် သစ်ကိုင်းများ အလွန်အကျွံပေါက်ရောက်ခြင်းမှ ထိန်းချုပ်ပေးနိုင် မည်ဖြစ်သည်။

၂။ ဆောင်းရာသီတွင် နက်ရှိုင်းစွာ တူးဖော်ခြင်းဖြင့် ပေါင်းစပ်ကာ သစ်ပင်ထိပ်ပိုင်းတစ်လျှောက် တည့်တည့် တွင် အနက်(၆၀)စင်တီမီတာ၊ အကျယ်(၃၀)စင်တီမီတာရှိသော အဝိုင်းပုံသဏ္ဍာန်မြောင်းကို တူးဖော်ပေး ရမည်။ မြေဆီလွှာ အောက်ပိုင်းရှိ တုတ်ခိုင်သောအမြစ်များကို ဖြတ်ပေးကာ (၅-၆)ရက်ခန့် နေပူလှန်းပေး ရမည်။ ထို့နောက် ပုပ်သိုးဆွေး မြေ့နေပြီဖြစ်သော အော်ဂဲနစ်ဓာတ်မြေသြဇာကို ကျွေးပြီး အပေါ်ယံမြေဆီ လွှာဖြင့် ပြန်လည်ဖုံးအုပ်ပေးရမည်။ 



တစ်ချိန် တည်းမှာပင် ဆောင်းရာသီ ခြံရှင်းခြင်းဖြင့်အတူ (၂၀)စင်တီမီတာအနက်အထိလယ်ထွန်မြေဆွကာ မြေဆီလွှာအပေါ်ယံ ၏ စုပ်ယူအမြစ်ကို ဖြတ်တောက်လိုက်မည်ဖြစ်သည်။ မြေအောက်အပိုင်း မြေအောက် အပိုင်း၏ မြေပေါ်အပိုင်းရေဓာတ် နှင့် အာဟာရဓာတ်၏ ပို့လွှတ်ခြင်းကို လျော့ချရမည်ဖြစ်သည်။ သစ်ပင်အစေးပျစ်ခဲမှုကိုမြှင့်တင်ကာ မြေပေါ်အပိုင်း၏ အာဟာရဓာတ်စုစည်းမှုအတွက် အကျိုးရှိစေမည်ဖြစ်ရာ ပန်း၊ အညှောက်များပေါက်ရောက်စေရန်အတွက် အကျိုးဖြစ် ထွန်းစေမည်ဖြစ်သည်။

၃။ အားနည်းသောသစ်ကိုင်း၊ ခြောက်သွေ့သေဆုံးသွားသောသစ်ကိုင်းများကို ဖြတ်တောက်ရမည်ဖြစ်သည်။ အောက်သို့ညိုးနွမ်းနေသောသစ်ကိုင်း၊ ထပ်ပေါက်သစ်ကိုင်း၊ အရိပ်အောက်ရောက်သစ်ကိုင်းများကို သင့်လျော်စွာ ဖြတ် တောက်ပေးရမည်ဖြစ်သည်။ ဤသည်မှာ သစ်ကိုင်းကောင်းမွန်စွာပြန့်ပွားပေါက်ရောက် ရန်၊ နေရောင်ခြည်အပြည့်အဝရ ရှိစေရန်၊ သစ်ကိုင်းအာဟာရစုစည်းမှုအကျိုးသက်ရောက်မှုရှိစွာမြှင့်တင်စေ ရန်အတွက် ကောင်းမွန်စေမည်ဖြစ်ရာ သစ် သီး သီးပွင့်နှုန်းကို တိုးများစေနိုင်မည်ဖြစ်သည်။
mangguodahui.kuaizhan.com မှကောက်နုတ်ဖော်ပြသည်။


Credit --- Shweli Ayar News 

No comments:

Post a Comment