မြေသြဇာ နှင့် အကျိုးပြု အဏုဇီဝပိုးများပေါင်းစပ်ခြင်း
======================
မြေသြဇာဆိုသည်မှာ သဘာဝမြေဆွေးမြေဆီများကို ဆိုလိုပါတယ် အကျိုးပြုအဏုဇီဝပိုးများ ဆိုသည်မှာ Effective Microorganism ( EM )လို့လူသိများပါတယ်Waqas Al Joboory ( University of Anbar) ဝါ့ကွစ် အာလ် ဂျိုဘောရီ (
အန်ဘာတက္ကသိုလ်) ဆိုသူက မေးထားတဲ့မေးခွန်းတစ်ခုရှိပါတယ် မြေသြဇာနဲ့
အကျိုးပြုအဏုဇီဝပိုး ဘယ်လို ကွာခြားပါသလဲ တဲ့Anoop Kumar Srivastava အနွတ် ကူမား ရှ ရီဗတ် တာဗါ ဟုအမည်ရသော စိုက်ပျိုးရေးပညာရှင်က ပြန်လည်ဖြေဆိုထားတာကတော့
EM ဆိုတာ 1983 ခုနှစ်ကတည်းက ခောတ်စားလာသော အဏုဇီဝပိုးများဖြစ်ကြပြီး
ဂျပန်နိုင်ငံမှာ အဲဒီကတည်းက ဈေးကွက်ရောက်နေပါပြီ EM ဆိုတာ
အရည်ပုံစံဖြစ်ပြီး အကျိုးပြုအဏုဇီဝပိုးများမြောက် များစွာပါဝင်ပါတယ်။
EM
ကိုစိုက်ပျိုးရေး မွေးမြူရေး ပတ်ဝန်းကျင်သန့်ရှင်းရေး( ရေဆိုးမြောင်းများ
ရေအိုင်များ ရေကန်များ သန့်ရှင်းရေး) ကျန်းမာရေးစက်ရုံများတွင်
အသုံးပြုကြပါတယ် EMသည် ဒုက္ခပေးသောဆေးမဟုတ်ပါ ဗီဇဆိုင်ရာထူးကဲမှုဖြစ်သော
ဓါတုဖွဲ့စည်းမှုလည်းမဟုတ်ပါ သုတေသနပြုထားသူများက EM သည်မြေကြီးနှင့်
အပင်ဂေဟစနစ်အတွက် မြေကြီးအရည်အသွေး မြေကြီးကျန်းမာရေး အပင်ကြီးထွားရေး
ကောက်ပဲသီးနှံအရည်အသွေးတို့အတွက် မြှင့်တင်ပေးကြောင်း သက်သေပြခဲ့ကြပါတယ် EM
သည် ဇီဝဗေဒ ဆိုင်ရာစိုက်ပျိုးမွေးမြူရေးအတွက်ကိရိယာတန်ဆာပလာတစ်ခုဖြစ်ပြီး
ပြည့်စုံသောလုံခြုံမှု နှင့် ကြီးထွားမှုစနစ်ကိုလက်ခံလုပ်ဆောင်ပေးရန်
အဏုဇီဝပိုးများကိုမွေးမြူလုပ်ဆောင်ပေးခြင်းဖြစ်ပါတယ် ။
EMတွင်ပါဝင်သော
မိုက်ခရုပ် အဏုဇီဝများသည် မြေကြီးအတွင်း သဘာဝမြေသြဇာဖြစ်စဉ်ကို ကူညီပေး သည်
ဇီဝလှုံ့ဆော်မှုများကိုပြုလုပ်ပေးခြင်းဖြင့် nitrogen fixation
နိုက်ထရိုဂျင်ဖမ်းစားနိုင်သော စွမ်းရည် ကိုနိုက်ထရိုဂျင်ဖမ်းစားဘက်တီးရီးယားများအားတိုက်ရိုက်လုပ်ဆောင်ပေးသည်
သွယ်ဝှိုက်၍လည်း လုပ်ဆောင်ပေးသည် အမြစ်ဖုများအတွင်းရှိ
ဘက်တီးရီးယားများ ၏လုပ်ဆောင်မှုကိုပိုမိုတိုးပွားစေပြီး မြေသြဇာကို
လိုသလောက်ရ ရှိနိုင်သောအဆင့်များ ကိုထိန်းသိမ်းလုပ်ဆောင်ပေးပါတယ် ဟု
ဖြေကြား ထားပါတယ်။
*******
Saeed Naif Turki Al Rashid ( University
if Anbar) ဆေ့ဒ် နိုင့်ဖ် တာကိုင် အာလ် ရာရှက်ဒ် ( အန်ဘာ တက္ကသိုလ်) ကတော့
Kengo and Huilian, 2000 တို့၏သုတေသန စာမှ ကိုးကားဖြေထားပေးပါတယ်
မြေကြီး၏ ဂေဟ စနစ်ရှိ အဏုဇီဝပိုး မျိုးစုံမျိုးကွဲများကို
ပိုမိုတိုးပွားအသုံးပြုနိုင်ရန်
သဘာဝတွင်တွေ့ရှိရသောသက်ရှိများ အတွင်း
EMတွင်ပါဝင်သော အဏုဇီဝပိုးများနှင့်ရောနှောမွေးမြူ ရပါမယ် EMတွင်
အလင်းမှီစုဖွဲ့နိုင်သော ဘက်တီးရီးယားများ လက်တစ်အက်ဆစ်ဘက်တီးရီးယားများ
တစေးများ အန်တီနိုမိုင်ဆစ်များ အချဉ်ဖေါက်၍ဖြစ်ပေါ်လာသောမှိုများပါဝင်ပါတယ်
၎င်းအဏုဇီဝပိုးများသည် ဇီဝကမ္မဖြစ်စဉ်ယှဉ်ပြိုင်မှုများဖြင့်
အရည်တွင်းပူးတွဲမွေးမြူနိုင်ပါတယ် ထို့ကြောင့် EMသည် မြေကြီးအတွင်း
အဏုဇီဝပိုးများတိုးပွားမှုကိုအထောက်အကူပြုခြင်း အပင်ကြီးထွားခြင်း
အထွက်နှုန်းကောင်းခြင်းကိုဖြစ်ပေါ်စေပါတယ်ဟု ဖြေကြားထားပါတယ်
********
@@@cherry
21.11.2018
No comments:
Post a Comment