Friday, 30 November 2018

နှမ်းစိုက်ပျိုးရာတွင် ထွက်နှုန်းတိုးစေမည့်နည်းလမ်း

နှမ်းစိုက်ပျိုးရာတွင် ထွက်နှုန်းတိုးစေမည့်နည်းလမ်း(၃)မျိုး
================================================
နှမ်းထွက်နှုန်းနည်းသောကြောင့် စီးပွားအကျိုးသက်ရောက်မှု နည်းပါးပါသည်။ လက်ရှိနှမ်းစိုက် ပျိုးသူများသည် အ လွန်နည်းပါးလျက်ရှိပါသည်။ နှမ်းထွက်နှုန်းမြင့်နည်းပညာကို မျှဝေပေးပါရစေ။


၁။ လွန်စွာဖွံ့ဖြိုးခြင်းကို ထိန်းချုပ်ခြင်း စိုက်ပျိုးမှုဧရိယာနည်းသော စိုက်ပျိုးသူများအတွက် လူအားဖြင့် နှမ်းပင်ကြီးထွားဖွံ့ဖြိုးမှုကို ထိန်းချုပ်နိုင်ပါမည်။ ထိပ် ဆုံးရှိအညှာများကို ဖယ်ရှားခြင်းဖြင့် နှမ်းပင်ထိပ်ပိုင်းရှိ အားသာချက်များကို ထိန်းချုပ်နိုင်ပါမည်။ နှမ်းပင်နှမ်း အများ အပြားဖြစ် ထွန်းချိန်တွင် အဓိကပင်စည်ထိပ်ပိုင်း အရွက်များစွာထွက်ပေါ်၍ ကြီးထွားမှုရပ်တန့်လုနည်းပါးအချိန်တွင် နေသာသော နေ့တစ်နေ့၏နံနက်ပိုင်း တွင် ထိပ်ဆုံးပိုင်းရှိ အညှာများကို ဖယ်ရှားပေးရမည်။ ထိပ်ပိုင်းကိုဖြတ်ပေး သောနည်းလမ်းမှာ အလွန် လွယ်ကူပါသည်။ ထိပ်ပိုင်းကြီးထွားမှု၏(၁)စင်တာမီတာအတွင်းကို ဖယ်ရှားပေးရန် ရပြီဖြစ်သည်။

ဆေးသုံးခြင်း၊ ဓာတ်မြေသြဇာကျွေးခြင်းမရှိဘဲ သရက်သီးအထွက်တိုးစေမည့် နည်းလမ်းသစ်(၃)မျိုး

ဆေးသုံးခြင်း၊ ဓာတ်မြေသြဇာကျွေးခြင်းမရှိဘဲ သရက်သီးအထွက်တိုးစေမည့် နည်းလမ်းသစ်(၃)မျိုး
============================================

၁။ ကြီးထွားမှုဖြစ်စဉ်တွင် မခိုင်သောသရက်သီးပင်ကို တုံးသောဓားသွားဖြင့် သစ်ပင်၏ချောမွေ့သောနေရာ (သစ်ခေါက်နု)တွင် အဝိုင်းပုံသဏ္ဍာန် အကျယ်(၁-၂)မီလီမီတာကျယ်အောင် ဓားဖြင့် သစ်သားအတွင်း ပိုင်းကို မြင်ရ သည်အထိ လှီးဖြတ်ပေးပါ။

အစိမ်းစားနိုင်သော ကြက်ဟင်းခါးသီး



သစ်သီးကဲ့သို့အစိမ်းစားနိုင်သော ကြက်ဟင်းခါးသီး 



လူအများစု ကြက်ဟင်းခါးသီးကို အစိမ်းစားကြမည်မဟုတ်ပါ။ သို့သော် ယနေ့ဖော်ပြမည့် ကြက်ဟင်းခါး သီးမှာမူ အစိမ်းစားသုံးပေးနိုင်သည့်အပြင် အနည်းငယ်ချိုမြိန်သောအရသာလည်းရှိကြောင်း သိရပါသည်။
ဤကြက်ဟင်းခါးသီးအမျိုးအစား၏ အပြင်ပုံသဏ္ဍာန်မှာ သာမန်ကြက်ဟင်းခါးသီးကဲ့သို့ဖြစ်ပြီး အမြင် အားဖြင့် သာ မာန်သာဖြစ်သော်လည်း ဈေးကွက်တွင် လူကြိုက်များပါသည်။ တစ်ကီလိုလျှင် ရောင်းဈေး တရုတ်ယွမ်ငွေ(၂၀)ယွမ်ရှိ ပါသည်။ တစ်မိုဝင်ငွေ တရုတ်ယွမ်ငွေ(၁)သိန်းအထိရှိကြောင်း သိရပါသည်။

တရုတ်နှင်းသီး ယွမ်ငွေ သောင်းချီရရှိလာ

တရုတ်နှင်းသီးLoquat တစ်မိုဝင်ငွေ ယွမ်ငွေ သောင်းချီရှိ


တရုတ်နှင်းသီး Loquat သည် ယန်စီမြစ်ဝှမ်းတစ်လျှောက်နှင့် နွေသမပိုင်းဒေသများတွင် ကျယ်ပြန့်စွာ ပေါက် ရောက်သည်။ နွေးထွေးစိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်ပြီး တောင်နိမ့်ပိုင်း တောင်ကုန်း၊ လယ် ကွင်းကြား၊ မြောင်းဘေး၊ ခြုံဘေးများတွင်လည်း အလေ့ကျပေါက်ရောက်လေ့ရှိပါသည်။ အများအားဖြင့် တစ်ခင်းလိုက်ပေါက် ရောက်လေ့ရှိပါသည်။

အလေ့ကျပေါက်သည့် ရေညှိပင် စိုက်ပျိုးခြင်းဖြင့် ကြွယ်ဝချမ်းသာစေနိုင်မည့် စီမံကိန်း

အလေ့ကျပေါက် Nostoc commune ခေါ်ရေညှိပင် စိုက်ပျိုးခြင်းဖြင့် ကြွယ်ဝချမ်းသာလာစေ နိုင်မည့်စီမံကိန်းသစ်ဖြစ်လာ
================================================

ယနေ့ အံ့သြဖွယ်ကောင်းသော အင်တာနက်နာမည်ကျော် စိုက်ပျိုးရေး ထုတ်ကုန်တစ်ခုဖြစ်သည့် Nostoc Commune ကို မိတ်ဆက်ပေး သွားမည်ဖြစ်သည်။ အလေ့ကျပေါက်ရောက် Nostoc Commnune ခေါ် ရေညှိပင်တစ် မျိုးမှာ သာမန်အားဖြင့် ပုပ်ပွနေသောမြက်ပင်အမြစ်ပိုင်း သို့မဟုတ် ရေထဲတွင်စိမ်နေသော ဆိတ်ချေးနေရာများတွင် ပေါက်ရောက်လေ့ရှိပါသည်။

 တောင်သူများမှ အမြဲတမ်းခြေထောက် အောက်တွင် နင်းမိသောကြောင့် ကျေးလက်တွင် အညစ်ပတ် ဆုံးသော ဆေးကြောရန် အခက်ဆုံးသော အလေ့ကျပေါက်သည့်အရွက် တစ်မျိုးဖြစ်သည်။ သို့သော် ယခု နှစ်ပိုင်းတွင် လူအများစုမှ ကြိုက်နှစ်သက်လာကြပြီး လတ်ဆတ်သောအလေ့ကျပေါက်သည့် Nostoc Commune မှာ တစ်ကီလိုလျှင် တရုတ်ယွမ်ငွေ (၄၀-၆၀) အထိရောင်းချနိုင်ပါသည်။ နေပူလှန်းပြီးရောင်း ချပါက ဈေးနှုန်းမှာ တစ်ကီလို လျှင် တရုတ်ယွမ်ငွေ ရာကျော်ရှိပါသည်။ ထို့ပြင် ယခုအခါရောင်းအား တစ်ဖြည်းဖြည်းကောင်း လာပြီး ရရှိရန်အလွန်ခက် ခဲသော ဟင်းရွက်အမျိုးအစားဖြစ်လာကြောင်း သိရပါသည်။

Wednesday, 28 November 2018

မြေသြဇာ နှင့် အကျိုးပြု အဏုဇီဝပိုးများပေါင်းစပ်ခြင်း

မြေသြဇာ နှင့် အကျိုးပြု အဏုဇီဝပိုးများပေါင်းစပ်ခြင်း
======================

မြေသြဇာဆိုသည်မှာ သဘာဝမြေဆွေးမြေဆီများကို ဆိုလိုပါတယ် အကျိုးပြုအဏုဇီဝပိုးများ ဆိုသည်မှာ Effective Microorganism ( EM )လို့လူသိများပါတယ်Waqas Al Joboory ( University of Anbar) ဝါ့ကွစ် အာလ် ဂျိုဘောရီ ( အန်ဘာတက္ကသိုလ်) ဆိုသူက မေးထားတဲ့မေးခွန်းတစ်ခုရှိပါတယ် မြေသြဇာနဲ့ အကျိုးပြုအဏုဇီဝပိုး ဘယ်လို ကွာခြားပါသလဲ တဲ့Anoop Kumar Srivastava အနွတ် ကူမား ရှ ရီဗတ် တာဗါ ဟုအမည်ရသော စိုက်ပျိုးရေးပညာရှင်က ပြန်လည်ဖြေဆိုထားတာကတော့ 

EM ဆိုတာ 1983 ခုနှစ်ကတည်းက ခောတ်စားလာသော အဏုဇီဝပိုးများဖြစ်ကြပြီး ဂျပန်နိုင်ငံမှာ အဲဒီကတည်းက ဈေးကွက်ရောက်နေပါပြီ EM ဆိုတာ အရည်ပုံစံဖြစ်ပြီး အကျိုးပြုအဏုဇီဝပိုးများမြောက် များစွာပါဝင်ပါတယ်။

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုး(၄၀)

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုး(၄၀)(ရှယ်ထားနော်)

ပင်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။
ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက် ရောက်သော အပင်ဖြစ်သည်။ စိုက်ပျိုး၍လည်းရသည်။
မျိုးစေ့မှတဆင့်အပင်စိုက်ရန် လွယ်ကူသောအပင် ဖြစ်သည်။

မြေသြဇာ အထူးမလိုအပ်လှ ပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။
နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့လိုအပ်လှပေသည်။
အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။
ပင်စိမ်းပင်သည် အပင်ငယ်မျိုးဖြစ်ပြီး

Tuesday, 27 November 2018

တစ်​ဧက စိုက်​ပျိုးလျှင်​ သိန်း​ထောင်ဂဏန်း​​ရတဲ့ Lily Flowers လီလီပန်း စိုက်ပျိုးနည်း



တစ်​ဧက စိုက်​ပျိုးလျှင်​ သိန်း​ထောင်ဂဏန်း​​ရတဲ့ Lily Flowers
လီလီပန်း စိုက်ပျိုးနည်း
******************
လီလီပန်းကတော့ ရန်ကုန်မြို့ဈေးကွက်မှာဆိုရင် တစ်စည်းကို ၁၅၀၀ရာဝန်းကျင် နှစ်ပင်ပဲပါပါတယ် ။ တစ်ပင်ကို လေးပွင့်မှ ငါးပွင့်အထိပဲပါတယ်။ အပင်ကြီး အပွင့်ကြီး အဖူးလည်းလှတာဖြစ်လို့ ဘုရားပန်းကပ်ရတာ အင်မတန်မှကျက်သရေရှိပါတယ် ။

တကယ်လို့များရှမ်းပြည်အနေနဲ့ ရာသီပေါ်အပင်များကို စိုက်ပျိုးတဲ့အခါ ပြင်ဦးလွင်မြို့ကို နည်းယူပြီး စိုက်ပျိုးနိုင်ရင် ပြင်ဦးလွင်လို ကြီးပွားမှာသေချာပါတယ် ။

နေရာဒေသမရွေးစိုက်ပျိုးနိုင်ပါသည်။
အလင်းရောင်ကို နှစ်သက်သည်။ နေရာကောင်းရဖို့လိုသည်။

⁠နှင်းဆီပင် စိုက်ပျိုးနည်း

⁠နှင်းဆီ အဖူး⁠တွေ မပွင့်လျှင်

—————————



တခါတရံ ⁠နှင်းဆီဖူးများ ပွင့်အာမလာဘဲေ⁠ခြာက်⁠သွေ့သွားသည်ကို ⁠ကြုံ⁠တွေ့ရတတ်သည်။ ယင်းသို့ ⁠ဖြစ်ရ⁠ခြင်းမှာ အပင်ဖူးထဲတွင် ⁠နိုက်ထရိုဂျင်ဓာတ်များလွန်းကာ အပင်သန်⁠ပြီး အပွင့်အားနည်းသွားရ⁠ခြင်း⁠ဖြစ်သည်။ အများအား⁠ဖြင့် အပင်ဖူးငုံဆဲအချိန်တွင် ⁠နှမ်းဖတ်ရည်၊ ⁠နိုက်ထရိုဂျင်ဓာတ်များစွာပါဝင်သည့် ဓာတ်ဆားကဲ့သို့⁠သော ဓာတ်ေ⁠မြ⁠သြဇာများ ⁠လောင်း⁠သောေ⁠ကြာင့် ⁠ဖြစ်သည်။ ⁠နှင်းဆီဖူးခါ⁠နှီးတွင် ၄င်းေ⁠မြ⁠သြဇာများကို မ⁠လောင်းသင့်ပါ။

အကိုင်းပျိုး⁠ထောင်ပုံ

ဒန့်သလွန်ပင် စိုက်ပျိုးနည်း

ဒန့်သလွန်ပင် စိုက်ပျိုးနည်း
===================

ဒန့်သလွန်ပင်ကို အိမ်ခြံဝင်းများတွင် စားသုံးသီးပင်အဖြစ် တစ်ပင်နှစ်ပင်ခန့် စိုက်ပျိုးကြသော်လည်း စနစ်တကျစီးပွားဖြစ် စိုက်ပျိုးကြခြင်းမရှိကြသေးပါ။

ဒန့်သလွန်ပင်ကိုအကိုင်းဖြတ်၍လည်းကောင်း၊အစေ့တိုက်ရိုက်မြေချ၍လည်းကောင်း စိုက်ပျိုးလေ့ရှိကြသည်။



(က) ကိုင်းဖြတ်စိုက်ပျိုးနည်း

အကိုင်းဖြတ်စိုက်ခြင်းကို မိုးဦးကျချိန်၊ ဇွန်လတွင် ဆောင်ရွက်ရသည်။ ဒန့်သ လွန်ပင်ကို တစ်ပင်နှင့်တစ်ပင် ပေ(၂၀) ခန့်ခြား၍ စိုက်ရပါမည်။ ဒန့်သလွန် ပင်စိုက်မည့်နေရာကို (၃-၃-၃) ပေကျင်းတူး၍ မြေသားနှင့် နွားချေးဆွေး (သို့မဟုတ်) သစ်ရွက်ဆွေးမြေသြဇာဆတူခန့်ရော၍ ထည့်ရပါမည်။ ထို့နောက် အချင်းတစ်လက်မ ခန့်အရှည်ရှိ တစ်နှစ်သားအဖျားကိုင်းများကို ဖြတ်၍ စိုက်ကျင်းတွင် စိုက်ရပါမည်။ 


စိုက်ကျင်းအတွင်းတွင် အနည်းဆုံး အနက်(၆) လက်မအထိ အကိုင်းကို မြှပ်စိုက်ရပါမည်။ အကိုင်းစိုက်ပြီးနောက် မိုးမရွာပါက အနည်းဆုံး တစ်နေ့တစ်ကြိမ် ရေလောင်းပေးရပါမည်။ ဒန့်သလွန်ပင်သည် အမြစ်ထွက်လွယ်သော အပင်ဖြစ် သဖြင့်

#ခရမ်းချဉ် စိုက်ပျိုးနည်း

မူရင်း⁠ဒေသ
⁠အောင်အ⁠မေရိကတိုက်၊ ပီရူး⁠နိုင်ငံ


အမျိုးအစား
ခရမ်းချဉ်ကို အရိုင်းမျိုး၊ မီးဖို⁠ချောင်သုံး Table type , Cherry type ⁠နှင့် processing type ဟူ၍ ခွဲ⁠ခြားစိုက်ပျိုး⁠လေ့ရှိပါသည်။ အရိုင်းမျိုးမှာ အချဉ်ဓာတ်ပါဝင်မှု ⁠မြင့်မား⁠ပြီး အသီးအရွယ်အစား⁠သေး⁠ခြင်း၊ အခွံပါး⁠ခြင်း⁠နှင့် အ⁠စေ့ပါဝင်မှုများ⁠ပြား⁠ခြင်း ရာသီဥတုဒဏ်( အပူချိန်⁠မြင့်မားမှု) ကို ပိုမိုခံ⁠နိုင်ရည်ရှိ⁠ခြင်း ⁠ရောဂါဒဏ်ခံ⁠နိုင်မှုရှိ⁠ခြင်းေ⁠ကြာင့် မျိုးစပ်⁠ခြင်းလုပ်ငန်းတွင် များစွာအသုံးဝင်ပါသည်။



မီဖိုး⁠ချောင်သုံး⁠နှင့် Table Type ခရမ်းချဉ်သီးများမှာ အလုံးအရွယ်အစားအသင့်အတင့်မှ ⁠ကြီးမား⁠ပြီး အ⁠စေ့ပါဝင်မှု နည်းပါးသည်။ အနည်းငယ်⁠အေး⁠သော ⁠ဒေသများတွင် ပို၍ စိုက်ပျိုး⁠ဖြစ်ထွန်းမှု အား⁠ကောင်းပါသည်။


Cherry tomato ခရမ်းချဉ်သီးတွင် အချိုဓါတ်ပါဝင်မှု ⁠မြင့်မားပါသည်။ စက်ရုံးသုံးခရမ်းချဉ်သီးမျိုးမှာ အခွံထူ အ⁠နှစ်များ⁠ပြီး အသီးရင့်မှည့်ချိန် ညီညာမှုရှီသည့်အတွက် စက်⁠ဖြင့် အလွယ်တကူရိတ်သိမ်း⁠နိုင်ပါသည်။


အပင်ပုံသဏ္ဍန်


(က) တိုင်⁠ထောင်မျိုး(Indeterminate)
အပင်⁠ကြီးထွားပုံမှာ အဖျားတွင် အညွန့်⁠နှင့် အဆုံးသတ်⁠လေ့ရှိသည်။ ပန်းခိုင်တစ်ခု⁠နှင့် တစ်ခု⁠ကြားတွင် အဆစ်(၂) ဆစ်မှ အထက်ရှိသည်။ ⁠ပြုစု⁠စောင့်⁠ရှောက်မှု⁠ကောင်းပါက တစ်⁠နှစ်ခံ⁠ပြင်အ⁠ဖြစ် စိုက်ပျိုး⁠နိုင်ပါသည်။ စိုက်ပျိုးရာတွင် တိုင်⁠ထောင်၊ တန်းပစ်၊ ⁠ကြိုးချည်၊ အတက်ဖဲ့⁠ခြင်း လုပ်ငန်းများ မှန်မှန်⁠ဆောင်ရွက်ရန် လိုအပ်ပါသည်။

ဂေါ်ရခါးစိုက်ပျိုးခြင်း နှင့် ကိုင်းပြုပြင်ခြင်း


ဂေါ်ရခါးစိုက်ပျိုးခြင်း နှင့် ကိုင်းပြုပြင်ခြင်း
============================

ဂေါ်ရခါးသီးတစ်လုံးကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အမြစ်အုံကို သားခွဲယူခြင်း စသည်ဖြင့် စိုက်ပျိုးကြပါသည်။ (သို့မဟုတ်) အကိုင်းဖြတ်ထိုမျိုးပွား၍ လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။

အစေ့မှ အပင်ပေါက်ရန် အပူချိန်(၂၃-၂၅) ဒီဂရီစင်တီဂရိတ် လိုအပ်ပါသည်။ စိုက်ပျိုးရာတွင် အသီးရင်းကို အသီးဖျား ထက် အနည်းငယ်နှိပ်၍ စိုက်ရပါမည်။ အသီးကို အလျားလိုက်မြေပေါ်တွင် အစေ့ကို အပေါ်ဘက်တွင်ထား၍ အသီး တစ်ဝက်ဖေးကာ စိုက်ရပါမည်။ အသီးကို အပင်ဖောက်နေစဉ် ရေမလောင်း ရပါ။ အသီးတွင်ရှိပြီးအစိုဓာတ်ကို အသုံးပြု၍အစေ့မှအပင်ပေါက်လာပါသည်။ အညှောင့်ဖောက်နေစဉ် အသီးကိုရေထောင်ပါက အသီးပုပ်သွား တတ်သည်။

ဘူးသီး စိုက်ပျိုးနည်း

ဘူးသီး စိုက်ပျိုးနည်း

မူရင်း⁠ဒေသ
ဘူးသည် အာဖရိကတိုက်မှ စတင်⁠ပေါက်⁠ရောက်⁠ပြီး⁠နောက် ⁠တောင်အ⁠မေရိကတိုက်ဘက်သို့ ပျံ့⁠နှံ့⁠ရောက်သည်ဟု ယူဆပါသည်။

အမျိုးအစား
ဘူးသီး၏ ပုံသဏ္ဍန်ကိုလိုက်၍ ဘူးသပိတ်၊ ဘူးလည်းလှ၊ ဘူးရှည်စက၊ ဘူးရှည်⁠နှင့် ဘူး⁠ရေမှုတ်ဟု အမျိုးမျိုးရှိ⁠ကြပါသည်။

(၁) ဘူးသပိတ် – ဤဘူး၏ ပုံသဏ္ဍန်မှာ သပိတ်ပုံရှိ⁠ပြီး အလွန်အလုံး⁠ကြီးသည်။ လည်ပင်း မရှိ⁠ချေ။




(၂) ဘူးလည်းလှ- ဤဘူးမျိုးသည် လည်ပင်းရှိ၍ လှသည်။ ဤဘူးမျိုးကို ရင့်သည်တိုင်ထာ⁠ပြီး အထဲမှ အ⁠စေ့များထုတ်၍ ⁠ရေဗူးလုပ်⁠ကြ သည်။

(၃) ဘူးရှည်စက- ဤဘူးမျိုးသည် အရှည်လည်းမဟုတ် အပုလည်းမဟုတ် စက⁠ဖြစ်သည်။

" အပင်ပုလေးများ စိုက်ပြီးစီးပွားရှာမယ် "


(ဖတ်မိသမျှစာအုပ်များမှ ဖြစ်နိုင်ခြေရှိသော စနစ်များကိုထုတ်နုတ် တင်ပြထားသဖြင့် လိုအပ်ချက်များ ဖြည့်စွက်ပေးကြပါရန်)


ယခုတင်ပြမည့်စနစ်ဖြစ်သည့် အပင်ပုလေးများ ဆောင်ရွက်မည့်နည်းသည် " ဘွန်ဇိုင်းပင် " လုပ်နည်းမဟုတ်ပါ။



အသက်ကြီးပြီး အပင်ပုတိုင်း ဘွန်ဇိုင်းပင် မဟုတ်ပါ။ အိုးအတွင်း စိုက်ပျိုးထားသော သစ်ပင်တစ်ပင်သည် သက်တမ်းကြာမြင့်၍ လှနေသည့်အပြင် ကိုင်းအများထွက်နေပြီ ဖြစ်သဖြင့် အရွက်များအုပ်ဆိုင်းဆိုင်းနှင့် အလွန်ကြည့်လို့ကောင်းနေမည်ဖြစ်သော်လည်း ဘွန်ဇိုင်းပင်မဟုတ်
" ဘွန်ဇိုင်းပြုလုပ်နည်းမှာ မိမိထွက်စေလိုသော နေရာ၊ ထွက်စေလိုသော အရပ်မျက်နှာတို့နှင့် ကိုက်ညီစွာထွက်ပေါ်လာသည့် ကိုင်းတစ်ကိုင်းကို ကိုင်းမကြီးအဖြစ် နှစ်ကာလကြာရှည်စွာ မွေးယူရပြီး ယင်းကိုင်းမကြီးမှတစ်ဆင့် ကိုင်းတက် ကိုင်းလက် ကိုင်းသေးနှင့် ကိုင်းမွှား ကလေးများအား အချိန်ပေး မွေးမြူရခြင်း ဖြစ်ပါသည်။ "
(ရင်မောင်- မြတ်စုရင်။ ဘွန်ဇိုင်း-၁၀၁)
#စိုက်မည့်အပင်အားမျိုးယူခြင်း
(1) မျိုးစေ့မှ မျိုးပွားနည်း
(2) လိင်မဲ့ မျိုးပွားနည်း
(3) မြင်းကုန်းနှီး ကိုင်းဆက် မျိုးပွားနည်း
(4) သပ်သင်း(သို့)ကိုင်းခွဲဆက်နည်း
(5) ပါးချင်းအပ် ကိုင်းဆက်နည်း
(6) အစေ့အညှောင့်ကိုင်းဆက်နည်း
(7) ကိုင်းဖြတ်မြေထုပ်စည်းနည်း
#အပင်ပုစေသောနည်းလမ်း


အလုံးကြီးဖရဲ စိုက်ပျိုးနည်း နှင့် ပြုစုပျိုးထောင်နည်း

" အလုံးကြီးဖရဲ စိုက်ပျိုးနည်း နှင့် ပြုစုပျိုးထောင်နည်း "

“ ကြိုတင်ပြင်ဆင်ခြင်း”
(၁) ရေကျသွားသော မြစ်ချောင်းသောင်နုများ၊ ကိုင်းကျွန်းမြေများ၊ သဲနုံးဆန်သော စပါးအပြီးလယ်မြေများတွင် လျာထားပါ။
(၂) နေရောင်ကောင်းစွာ ရရှိသော နေရာဖြစ်ရမည်။
(၃)မြေချဉ်ငံကိန်း pH ၆ မှ ၇ အတွင်းရှိမရှိစစ်ဆေးပါ။ အထက်ပါမြေများသည် pH နိမ့်ပြီးမြေချဉ်နေတက်သည်။
(၄) အခါမဲ့ မိုးရွာသွန်းလျှင်ရေလွယ်ကူစွာ ထုတ်ပစ်နိုင်ရန် စီစဉ်ထားရပါမည်။
(၅) အောင်ရေ သေချာအောင် အောက်တိုဘာနှင့် နိုဝင်ဘာ လလယ်အတွင်းအပြီးစိုက်ပျိုးနိုင်လျှင်ရင်းနှီးမြုတ်နှံစရိတ်သက်သာသော ဖုတ်(ဖုန်) သီးကိုရရှိနိုင်ပြီး အချိုဓာတ်ပိုစေပါသည်။နောက်ကျပါက ရေသွင်းရပါမည်။

အော်ဂဲနစ်လယ်ယာကိုဘာဖြစ်လို့သွားချင်ရတာလဲ

အော်ဂဲနစ်လယ်ယာကိုဘာဖြစ်လို့သွားချင်ရတာလဲ


(၂၀)ရာစုလယ်ကစပြီး ယနေ့အထိ တိုးတက်လာနေတဲ့လူဦးရေအတွက် အစားအစာဖူလုံနိုင်စေဖို့ သီးနှံရိက္ခာ စိုက်ပျိုး ထုတ်လုပ်သူများက အထွက်တိုးစေတဲ့ ဓာတ်မြေဩဇာတွေ ပိုးသတ်ဆေးတွေ အဆိပ်ငွေ့မှိုင်းတိုက်ဆေးတွေကို တွင် ကျယ်စွာ အသုံးပြုခဲ့တဲ့အတွက် ကမ္ဘာ့မြေထု၊ ရေထု၊ လေထုတွေမှာ ညစ်ညမ်းမှုမျိုးစုံနဲ့ လူတွေရဲ့ကျန်းမာ ရေးကို ထိခိုက်လာရတယ်။


အော်ဂဲနစ်လယ်ယာစိုက်ပျိုးမွေးမြူရေးတွေဟာ တုပဖန်တီးထားသော ပိုးသတ်ဆေးများ၊ ဓာတ်မြေဩဇာများ၊ ကြီးထွား ဟော်မုန်းများ အသုံးမပြုသည့်အတွက် မြေထု၊ ရေထု၊ လေထုရဲ့သန့်ရှင်းရေးကို များစွာအကူအ ညီပေးပါလိမ့်မည်။ သဘာဝပတ်ဝန်းကျင်နဲ့ လူ၊ တိရစ္ဆာန်၊ အပင်သက်ရှိတို့နဲ့ ကျန်းမာရေးအထောက်အကူပြုသော နည်းလမ်းပါပဲ။

မိမိတို့လူသားများဟာ ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်ရှိသော အစားအစာများကို ရက်ပေါင်းတာရှည်စွာ စားသုံးနေကြ တယ်ဆိုတာ မည်သူမှ သတိထားမိမှာမဟုတ်ပါဘူး။ ပိုးသတ်ဆေး

ရုံးပတီသီး အစိမ်းတို့စားရတာ ကြိုက်တဲ့သူတွေ တုန်လှုပ်သွားစေမယ့် ကိစ္စ

ရုံးပတီသီး အစိမ်းတို့စားရတာ ကြိုက်တဲ့သူတွေ တုန်လှုပ်သွားစေမယ့် ကိစ္စ
==========================


ရုံးပတီသီး စိုက်သည့် တောင်သူ တစ်ဦးမှ ပြောပြသဖြင့် ထပ်ဆင့်မျှဝေခြင်းဖြစ်ပါသည်။

ရုံးပတီသီးကို အစိမ်းတို့စားရတာ ကြိုက်သည်ဆိုက ရုံးပတီသီး ကို ဆားရည်ဖြင့် နာရီဝက်ခန့် စိမ်ပြီးမှ စားပါရန် အကြံပေးပါသည်။ ရုံးပတီသီး ကြိုက်သော ပိုးမွှား များတွင် လှေးပိုးသည် နှိမ်နင်းရန် အခက်ခဲဆုံးပိုးဖြစ်၏။ အပင်ကို ဖျက်ဆီးသော ထိုပိုးသည် အကောင်မမြင်ရ၊ ဆေးမျိုးစုံ သုံးသော်လည်း ထိုပိုးကို မနိုင်။ ထို့ကြောင့်