Friday, 30 November 2018

နှမ်းစိုက်ပျိုးရာတွင် ထွက်နှုန်းတိုးစေမည့်နည်းလမ်း

နှမ်းစိုက်ပျိုးရာတွင် ထွက်နှုန်းတိုးစေမည့်နည်းလမ်း(၃)မျိုး
================================================
နှမ်းထွက်နှုန်းနည်းသောကြောင့် စီးပွားအကျိုးသက်ရောက်မှု နည်းပါးပါသည်။ လက်ရှိနှမ်းစိုက် ပျိုးသူများသည် အ လွန်နည်းပါးလျက်ရှိပါသည်။ နှမ်းထွက်နှုန်းမြင့်နည်းပညာကို မျှဝေပေးပါရစေ။


၁။ လွန်စွာဖွံ့ဖြိုးခြင်းကို ထိန်းချုပ်ခြင်း စိုက်ပျိုးမှုဧရိယာနည်းသော စိုက်ပျိုးသူများအတွက် လူအားဖြင့် နှမ်းပင်ကြီးထွားဖွံ့ဖြိုးမှုကို ထိန်းချုပ်နိုင်ပါမည်။ ထိပ် ဆုံးရှိအညှာများကို ဖယ်ရှားခြင်းဖြင့် နှမ်းပင်ထိပ်ပိုင်းရှိ အားသာချက်များကို ထိန်းချုပ်နိုင်ပါမည်။ နှမ်းပင်နှမ်း အများ အပြားဖြစ် ထွန်းချိန်တွင် အဓိကပင်စည်ထိပ်ပိုင်း အရွက်များစွာထွက်ပေါ်၍ ကြီးထွားမှုရပ်တန့်လုနည်းပါးအချိန်တွင် နေသာသော နေ့တစ်နေ့၏နံနက်ပိုင်း တွင် ထိပ်ဆုံးပိုင်းရှိ အညှာများကို ဖယ်ရှားပေးရမည်။ ထိပ်ပိုင်းကိုဖြတ်ပေး သောနည်းလမ်းမှာ အလွန် လွယ်ကူပါသည်။ ထိပ်ပိုင်းကြီးထွားမှု၏(၁)စင်တာမီတာအတွင်းကို ဖယ်ရှားပေးရန် ရပြီဖြစ်သည်။


၂။ ရောဂါဖြစ်ပွားမှုနှမ်းပင်၏ အဓိကရောဂါမှာ ရွက်ညိုပြောက်ရောဂါနှင့် မှဲ့ပြောက်စွန်းရောဂါဖြစ်သည်။ အဓိကအားဖြင့် နှမ်းရွက် များကို အန္တရာယ်ဖြစ်စေပြီး နှမ်းရွက်ပေါ်တွင် စက်ဝိုင်းပုံ အစက်အပြောက်များဖြစ်ပေါ်၍ တဖြည်းဖြည်းကြီထွား လာကာ နှမ်းပင်နေရောင်ခြည်ဖြင့်အစာချက်ခြင်းကို ထိခိုက်စေမည်ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးသူများကရောဂါကို အချိန်မှီ ထိန်းချုပ်ပေးရမည်ဖြစ်သည်။ 



၃။ ပန်းပွင့်ပန်းခိုင် ထွက်ပေါ်ခြင်း ဖြစ်စဉ် နှမ်းပင် လွန်စွာဖွံ့ဖြိုးကြီးထွားခြင်းသည် အရွက်အညှာများ ထွက်ရှိရာနေရာမှ ပန်းပွင့်ပန်းခိုင်များထွက်ပေါ်သော ဖြစ်စဉ်ကို ဆိုးရွားစွာသက်ရောက်၍ နှမ်းပင်တွင် နှမ်းဖူးများမသီးခြင်းဖြစ်ပေါ်စေသည်။ စိုက်ပျိုးသူများက နှမ်းပင်ပထမ အကြိမ်ပန်းပွင့်ချိန်မှာစ၍ (၅-၆)ရက်ခြားလျှင် စိုက်ပျိုးဧကတစ်မိုလျှင် ပိုတက်ဆီယမ်ဒီဟိုက်ဒရိုဂျင်ဖော့စဖိတ်(၅၀) ဂရမ် ကို ဖျန်းပေးပါ။ ရေ(၁၅)ကီလိုဂရမ်ရော၍ (၂-၃)ကြိမ်အထိ ဆက်တိုက်ဖြန်ပေးပါ။ ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် နွေရာသီ နှမ်းထွက်ချိန်တွင် အထွက်တိုးစေနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
www.cnhnb.com မှကောက်နုတ်ဖော်ပြသည်။


Credit ---- Shweli Ayar News 

No comments:

Post a Comment