Friday, 30 November 2018

အစိမ်းစားနိုင်သော ကြက်ဟင်းခါးသီး



သစ်သီးကဲ့သို့အစိမ်းစားနိုင်သော ကြက်ဟင်းခါးသီး 



လူအများစု ကြက်ဟင်းခါးသီးကို အစိမ်းစားကြမည်မဟုတ်ပါ။ သို့သော် ယနေ့ဖော်ပြမည့် ကြက်ဟင်းခါး သီးမှာမူ အစိမ်းစားသုံးပေးနိုင်သည့်အပြင် အနည်းငယ်ချိုမြိန်သောအရသာလည်းရှိကြောင်း သိရပါသည်။
ဤကြက်ဟင်းခါးသီးအမျိုးအစား၏ အပြင်ပုံသဏ္ဍာန်မှာ သာမန်ကြက်ဟင်းခါးသီးကဲ့သို့ဖြစ်ပြီး အမြင် အားဖြင့် သာ မာန်သာဖြစ်သော်လည်း ဈေးကွက်တွင် လူကြိုက်များပါသည်။ တစ်ကီလိုလျှင် ရောင်းဈေး တရုတ်ယွမ်ငွေ(၂၀)ယွမ်ရှိ ပါသည်။ တစ်မိုဝင်ငွေ တရုတ်ယွမ်ငွေ(၁)သိန်းအထိရှိကြောင်း သိရပါသည်။

ထိုကြက်ဟင်းခါးသီးအမျိုးအစား၏အမည်မှာ ပန်းသီးကြက်ဟင်းခါးသီးဟုခေါ်ပါသည်။ မျိုးစပ်အမျိုး အစားဖြစ်ပါ သည်။ အပြင်ပိုင်းမှာ ဖြူဖွေးပြီး ငှက်ပျောသီးဖြင့် တူပါသည်။ အပြင်ပုံသဏ္ဍာန်ဝတုတ် တုတ်လေးမှာ ပန်းသီးနှင့်တူပါ သည်။ ပန်းသီးကြက်ဟင်းခါးသီး၏အကြီးမားဆုံးသောထူးခြားချက်မှာ အချိုဓာတ်မြင့်ခြင်းဖြစ်ပါသည်။ အရသာမှာ ချို မြိန်ကြွပ်ဆတ်ပါသည်။ ဟင်းသီးဟင်းရွက်တစ်မျိုး အဖြစ်စားသုံးနိုင်သည့်အပြင် သစ်သီးအဖြစ်လည်း အစိမ်းစားသုံးနိုင်ပါ သည်။




ကျန်းမာရေးအထောက်အကူပြုသစ်သီးဖြစ်သည့်အလျောက် ၎င်း၏အာဟာရတန်ဖိုးမှာ အလွန်မြင့်ပါသည်။ အထူး သဖြင့် သွေးတိုးသောအခြေအနေအောက်တွင်စားသုံးပေးပါက သွေးဖိအား၊ သွေးအဆီဓာတ်တို့ကို တည်ငြိမ်စေနိုင်ပြီး သွေးတိုးမှုကိုလျော့နည်းစေနိုင်မည်ဖြစ်သည်။ လက်ရှိ ပန်းသီးကြက်ဟင်းခါးသီးမှာ နိုင်ငံတကာဈေးကွက်တွင် ရောင်း အားကောင်းလျက်ရှိပြီး တရုတ်နိုင်ငံ စူပါမားကတ်တိုင်းတွင် တွေ့ရှိနိုင်ပါသည်။ ဈေးနှုန်းမြင့်သော်လည်း ဈေးကွက်တွင် ရောင်းချပြီးနောက် လုယက်ဝယ်ယူကြကြောင်း သိရပါသည်။


https://m.look.360.cn မှ ကောက်နုတ်ဖော်ပြသည်။

No comments:

Post a Comment